သစ်နှင့်အမည်မသိအထုပ်များတင်လာသော ကားတစ်စီး တူးမြောင်းအတွင်းထိုးကျ

0
320

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ဂေါက်ကွင်းကို သွားတဲ့လမ်းပေါ်မှာ သစ်နဲ့ အခြားအမည်မသိတဲ့ အထုပ်တွေ တင်ဆောင်လာတဲ့ ကားတစ်စီး တူးမြောင်းလက်တံအတွင်းထိုးကျခဲ့ပါတယ်။

13162184_1759122857655640_220655972_n

13183062_1759122850988974_635873979_n

ထွက်ပြေးလာတာကို ဆိုင်ကယ်စီးရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးချိန် အဲဒီကားဟာ ကားဘီးပေါက်ပြီး အဲဒီကားဘီးပေါက်နဲ့ ဆက်လက်ထွက်ပြေးရင်း ဆိုင်ကယ်စီးရဲတပ်ဖွဲ့ဝင်က ကားရှေ့ကပိတ်ဆို့ဟန့်ထားချိန်မှာတော့ ကားကိုကွေ့ရှောင်းရင်း တူးမြောင်းအတွင်းထိုးကျတာလို့ မျက်မြင်တွေ့ရှိခဲ့သူ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်လည်း ဆိုင်ကယ်တိမ်းမှောက်ခဲ့လို့ ခြေထောက်ကျိုးသွားခဲ့ပြီး အဲဒီနေရာကို ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး တာဝန်ရှိသူများနဲ့ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေလည်း ရောက်ရှိလာကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)