ထိုင်းနိုင်ငံ ဘူတာရုံတွင်ပေါက်ကွဲမှုဖြစ်ပွားပြီး လူနှစ်ဦး ဒဏ်ရာရ

0
381

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဟွာလန်ပေါင်ဘူတာရုံမှာ ဒီကနေ့ နေ့လည် ၁၂ အချိန်က အသေးစားပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး လူနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

1737105

1737157

မိုင်းရှင်းလင်းရေးအရာရှိတွေက အဲဒီနေရာကိုစစ်ဆေးခဲ့ပြီး ယမ်းထည့်သွင်းထားတဲ့ ပင်ပေါင်ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရရှိသူနှစ်ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ ရဲတွေကတော့ ဒီပေါက်ကွဲမှုဟာ နိုင်ငံရေးနဲ့ သက်ဆိုင်မှုရှိ မရှိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)