အီရတ်တွင် ကားဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် လူ ၅၀ သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရ

0
318

အီရတ်နိုင်ငံက ရှီးအိုက်မွတ်ဆင်စလင်တွေနေထိုင်တဲ့ ဆာ့ဒ်မြို့မှာ အိုက်အက်စ်တွေရဲ့လက်ချက်နဲ့ ဒီကနေ့ ကားဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အနည်းဆုံးလူ(၅၀)သေဆုံးကာ လူပေါင်း (၆၀)ကျော်လောက် ဒဏ်ရာရရှိသွားပါတယ်။

People gather at the scene of a car bomb attack in Baghdad's mainly Shi'ite district of Sadr City, Iraq, May 11, 2016. REUTERS/Wissm al-Okili

ဆာ့ဒ်မြို့က လူစည်ကားရာဈေးမှာရှိတဲ့ အလှပြင်ဆိုင်အနီးမှာပေါက်ကွဲခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူအများစုဟာ အမျိုးသမီးတွေဖြစ်ကာ စိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်။
အိုက်အက်စ်အဖွဲ့ကိုထောက်ခံတဲ့ အာမက်သတင်းအေဂျင်စီရဲ့အဆိုအရ အသေခံဗုံးခွဲသမားဟာ ရှီးအိုက်ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)