မြန်မာတွေလက်မခံတဲ့ စကားအသုံးအနှုန်းတွေ သတိပြုဆောင်ရွက်သွားမယ်လို့ အမေရိကန်သံအမတ်ပြော

0
363

မြန်မာနိုင်ငံသားတွေ လိုလားလက်ခံခြင်းမရှိတဲ့ စကားအသုံးအနှုန်းတွေကို သတိပြုဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က ယနေ့ မေလ ၁၁ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

13221606_1708571386066449_8910935430578717653_n

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ယနေ့တွေ့ဆုံစဉ် ပြောဆိုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံသားတွေ လိုလားလက်ခံခြင်းမရှိတဲ့ စကားအသုံးအနှုန်းတွေကို သုံးစွဲခဲ့ရတာဟာ မိမိအတွက် အခြားသော စကားရပ်မရှိတာကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံသားတွေရဲ့ သဘောထားကို အလေးမထားတာဆန့်ကျင်လိုတာကြောင့် မဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
သူရဦးရွှေမန်းက မကြာခင်ရက်ပိုင်းတွေက အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့တာဟာ မြန်မာနိုင်ငံသားတွေ လက်မခံနိုင်တဲ့ စကားအသုံးအနှုန်း ပါဝင်တာကြောင့် ဖြစ်ပေါ်ခဲ့ပြီး အဲဒီကိစ္စမျိုးတွေမှာ သံအမတ်ကြီးအနေနဲ့ သတိပြုရမယ့်အချက်ဖြစ်တယ်လို့ ဆွေးနွေးစဉ် ကန်သံအမတ်က အထက်ပါအတိုင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)