စစ်မှုထမ်းဟောင်းတွေ သိမ်းထားတဲ့မြေနဲ့ပတ်သက်ပြီး မန္တလေးမှာ ဆန္ဒပြမယ်

0
324

မန္တလေးမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့ တောင်သူတွေအပေါ် စွဲဆိုထားတဲ့ တရားစွဲဆိုမှုတွေကို ဖျက်သိမ်းပေးဖို့ လူထုဆန္ဒပြပွဲတစ်ရပ်ကို လာမယ့် မေလ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

Zay-Cho-Market-Mandalay-Myanmar

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ဂေါက်ကွင်း အဆင့်မြင့်စီမံကိန်းမြေနေရာနဲ့ ပတ်သက်ပြီး လှုပ်ရှားခဲ့ကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့ တောင်သူတွေအပေါ် တရားစွဲဆိုထားမှုတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုကြမှာဖြစ်ပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူ ဦးမျိုးဝင်းကိုလည်း လွှတ်ပေးဖို့ တောင်းဆိုကြမှာဖြစ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကိုလည်း လုပ်ပိုင်ခွင့်ကို ခုတုံးလုပ်ပြီး အဓမ္မအနိုင်အထက်ပြုတယ်ဆိုပြီး အလိုမရှိကြောင်း ဆန္ဒပြကြမှာဖြစ်ပါတယ်။
ရေတံခွန်တောင်ဂေါက်ကွင်း အဆင့်မြင့်စီမံကိန်းမြေနေရာကို စစ်မှုထမ်းဟောင်းအဖွဲ့က သိမ်းယူထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)