လာမယ့်ငါးရက်အတွင်း မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခြင်းနဲ့ မိုးကြိုးပစ်ခြင်းတွေ ဖြစ်နိုင်

0
443

လာမယ့် မေလ ၁၂ (မနက်ဖြန်)ရက်နေ့စပြီး မေလ ၁၆ ရက်နေ့အထိ ငါးရက်အတွင်း လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးကြိုးပစ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

breaking-news1

မေလ ၁၀ ရက်နေ့ တိုင်းထွာချက်များအရ လေပွေလှိုင်းများရဲ့အရှိန်ကြောင်း လည်းကောင်း၊ နေ့အပူချိန်မြင့်တက်လာ၍ လေထုမငြိမ်သက်မှုများကြောင့် လည်းကောင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ပြီး မေလ ၁၂ ရက်နေ့ကစပြီး မေလ ၁၆ ရက်နေအထိ အဲဒီဖြစ်စဉ်တွေ ဖြစ်ပွားနိုင်တယ်လို့ သတင်း ထုတ်ပြန်ထားတာပါ။
လေပြင်းတိုက်ခတ်စဉ် လေတိုက်နှုန်းဟာ တစ်နာရီ ၃၅ မိုင်နဲ့ မိုင် ၄၀ လောက်ရှိမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဒီဖြစ်စဉ်တွေကို အထူးဂရုပြုနေထိုင်သင့်တယ်လို့ မိုးလေ၀သဌာနက အကြံပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)