ငြိမ်းချမ်းရေးစာဆိုကြီး ဒဂုန်တာရာရဲ့ ၉၇ နှစ်မြောက် မွေးနေ့ အောင်ပန်းမှာကျင်းပ

0
280

စာရေးဆရာကြီး ဒဂုံတာရာရဲ့ ၉၇ နှစ်မြောက် မွေးနေ့ပွဲကို အောင်ပန်းမြို့၊ မယ်ခိုတောင်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

စာရေးဆရာကြီး ဒဂုန်တာရာဟာ ငြိမ်းချမ်းရေးကို လိုလားသူတစ်ယောက် ဖြစ်ပါတယ်။ ဆရာကြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မျှော်လင့်ပြီးရေးသားခဲ့တဲ့ ဒို့ခေတ်ကိုရောက်ရသည်မှာ မလွဲသာ ၀တ္ထုကို ရေးသားခဲ့ပါတယ်။ ဒီဝတ္ထုထဲကအတိုင်း ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံတော်သစ်ကို အစိုးရအနေနဲ့ ဖော်ဆောင်သွားနိုင်မယ် ဆရာကြီး ဒဂုန်တာရာရဲ့ မိသားစုဝင်တွေက မျှော်လင့်နေကြတာပါ။

ဆရာကြီးရေးသားခဲ့ ထင်းရှားတဲ့ ၀တ္ထုတွေဖြစ်တဲ့ မေ၊ မြိုင်၊ ဒို့ ခေတ်ကိုသာ ရောက်ရသည်မှ မလွဲသာ စတဲ့ ၀တ္ထုတွေထဲက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေ၊ စာပေအရေးအသားကောင်းမွန်တွေ အကြောင်းကို စာတမ်းဖတ်ခဲ့ကြပါတယ်။
အဲဒီပွဲကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်တချို့အပါအ၀င် ရန်ကုန်၊ မန္တလေးက ကဗျာဆရာ၊ စာရေးဆရာတွေနဲ့ ဆရာကြီးကိုချစ်ခင်သူတွေ၊ ငြိမ်းချမ်းရေးမြတ်နိုးသူတွေနဲ့ အောင်ပန်းမြို့ဒေသခံတွေတက်ရောက်ခဲ့ကြပါတယ်။
ဒီအထိမ်းအမှတ်ပွဲကို ဆရာကြီးကွယ်လွန်ပြီး ၃ နှစ်မြောက်မှာ ကျင်းပခဲ့တာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းလည်း အောင်ပန်းမြို့မှာ ကျင်းပခဲ့တာပါ။ ဆရာကြီးရဲ့ ရာပြည့်မွေးနေ့ပွဲကိုတော့ ၂၀၁၉ ခုနှစ်မှာ ဆရာကြီးရဲ့ ဂူဗိမာန်ဖွင့်ပွဲနဲ့ အတူ ခမ်းနားစွာ ကျင်းပသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)