မြစ်ဆုံစီမံကိန်းကို လက်ရှိအစိုးရအနေနဲ့ ဖျက်သိမ်းပေးဖို့ ဒေသခံတွေ တောင်းဆို

0
317

စစ်အစိုးရအုပ်ချုပ်စဉ် ၂၀၀၉ခုနှစ်ခန့်က စတင်လုပ်ဆောင် ခဲ့တဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို လက်ရှိအစိုးရအနေနဲ့ ဖျက်သိမ်းပေးဖို့ကချင်အရပ်ဘက်အဖွဲအစည်း တွေနဲ့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရတဲ့ ဒေသခံတွေအနေနဲ့ သူတို့ဒေသမှာပြန်လည်နေထိုင်နိုင်ဖို့အတွက် စီမံကိန်း ဖျက်သိမ်းပေးဖို့ကို နိုင်ငံတော်သမ္မတရုံးအပါအ၀င်သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုပါ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မေလ ၁၀ ရက်နေ့က ကချင်လူမူဖွံဖြိုးရေးကွန်ရက်က ဦးဆောင်ကာ ကချင်ဒေသခံတွေက မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပေးရေးတောင်းဆိုခြင်း သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ အော့ကစ်ဟိုတယ်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စစ်အစိုးရလက်ထက်မှာ အကောင်အထည်ဖော်ဆောင်ခဲ့တဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ပြည်သူတွေက ကန့်ကွက်ခဲ့တဲ့ အတွက် သမ္မတဦးသိန်းစိန်အစိုးရက ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းစတင်ခဲ့စဉ်က ဒေသခံကျေးရွာခြောက်ရွှာပြောင်းရွှေ့ခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိ့ပြောင်းရွှေ့တဲ့နေရာမှာ လူမူရေး၊ စီးပွားရေးနဲ့ ကျန်းမာရေး ကိစ္စတွေမှာ အဆင်မပြေမူတွေရှိနေတာဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေကြောင့် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပါက အရင်နေရာမှာဘဲ ပြန်လည်နေထိုင်ခွင့်ရဖို့ကိုဒေသခံတွေကမျှော်လင့်နေကြပါတယ်။

သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ပြည်သူတွေက မဲပေးရွေးချယ်ထားတဲ့အစိုးရဖြစ်တဲ့အတွက် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ကို ကချင်ဒေသခံတွေအပါအ၀င် ပြည်သူတွေကမျှော်လင့်နေကြတာပါ။ ကချင်ဒေသခံတွေအနေနဲ့ လက်ရှိ အစိုးရသက်တမ်းတစ်လကျော်အထိ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းဖို့အတွက် တစ်စုံတရာမပြောသေးတဲ့အပေါ်မှာတော့ စိုးရိမ်စိတ်တွေရှိနေတာဘဲဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)