နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်အတည်ပြု

0
317

နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ဖွဲ့စည်းဖို့အတွက် အဆိုကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ မေလ ၁၀ ရက်နေ့ အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

လက်ရှိအစိုးရရဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို အောင်မြင်စွာဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ထပ်မံဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လွှတ်တော်ရဲ့ သဘောထားရယူပေးဖို့ မေလ ၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကို သ၀ဏ်လွှာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)