ဦးလူမင်းကို ဥက္ကဋ္ဌရာထူးက ထုတ်ပယ်မှာ မဟုတ်ဘူးလို့ ဆို

0
366

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်ခွင့်တင်ထားတဲ့ ဦးလူမင်းကို ဥက္ကဋ္ဌရာထူးက ထုတ်ပယ်မှာမဟုတ်ဘူးလို့ ရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ဦးဖုန်းမော်က ပြောဆိုလိုက်ပါတယ်။

2015117215829623

ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့မှာ ဦးလူမင်းဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်ဖို့ နုတ်ထွက်စာတင်ခဲ့တာပါ။ ကျွန်တော်တို့ဘက်ကတော့ ဒီဟာကို ဆုံးဖြတ်ချက် မချပါဘူး။ ထုတ်ပယ်သွားမှာ မဟုတ်ပါဘူးလို့ ဦးဖုန်းမော်က ဆိုပါတယ်။ ရုပ်ရှင်သရုပ်ဆောင် လူမင်းဟာ အကယ်ဒမီပွဲကျင်းပမှုတွေနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရသလို ဥက္ကဋ္ဌတာဝန်ယူဖို့ သတ်မှတ်ထားတဲ့ အသက်လည်း မပြည့်တာကြောင့် ရုပ်ရှင်လောကသား အချို့က ဝေဖန်မှုတွေ ပြုလုပ်ခံခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)