ယူရို ၉၃ သန်းကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဖို့ သူရဦးရွှေမန်း အကြံပြု

0
331

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ တိုင်ကြားထားတဲ့ ယူရို ၉၃ သန်းပျောက်ဆုံးမှုကို သင့်လျော်တဲ့ပုဂ္ဂိုလ်တွေနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ သူရဦးရွှေမန်းဦးဆောင်တဲ့ကော်မရှင်က အကြံပြုလိုက်ပါတယ်။

13339660_973486906098245_5350127207263598010_n

 

တိုင်ကြားထားတဲ့ တိုင်ကြားစာဟာ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေ၊ သတ္တုတွင်းဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ တာဝန်ရှိသူတွေကို တိုင်ကြားတာဖြစ်ပါတယ်။

တိုင်ကြားစာပါတဲ့ ငွေကြေးပမာဏများပြားတဲ့အပြင် တိုင်ကြားခံရသူတွေရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်တာကြောင့် အလေးပေးဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ သူရဦးရွှေမန်းက ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာန၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက သင့်လျော်တဲ့ပုဂ္ဂိုလ်တွေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးဖို့ သက်ဆိုင်ရာကို အကြုံပြထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)