ယူရို ၂၀၁၆ ပြိုင်ပွဲကြောင့် ပြင်သစ်နိုင်ငံတွင် လုံခြုံရေးအဆင့် အမြင့်ဆုံး သတ်မှတ်

0
352

ဇွန်လ ၁၁ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဒီကနေ့စတင်မယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲအတွက် လုံခြုံရေးအဆင့် အမြင့်ဆုံးသတ်မှတ်ပြီး လုပ်ဆောင်နေပါတယ်။

ပြိုင်ပွဲကာလအတွင်း မမျှော်မှန်းနိုင်တဲ့ လုံခြုံရေးကျိုးပေါက်မှုတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၁၃၀၀၀ တပ်ဖြန့်ထားပါတယ်။ လုံခြုံရေးစစ်သား ၁၂၀၀ ကိုလည်း ပြင်သစ်နိုင်ငံရဲ့ အဓိကနေရာတွေနဲ့ အခြားအများပြည်သူဆိုင်ရာနေရာတွေမှာ လှည့်ကင်းအဖြစ် ချထားပါတယ်။
လုံခြုံရေးဟဲလ်မက်တွေဆောင်းထားပြီး လက်နက်တွေကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်အများအပြားကို ပဲရစ်မြို့က လမ်းမပေါ်တွေမှာ ခရီးသွားတွေက မြင်တွေ့နေရပါတယ်။
လမ်းတွေကို လုံခြုံရေးစိတ်ချရအောင် သူတို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ စစ်သားတွေရော ရဲတွေရော လမ်းတွေပေါ်မှာ လုံခြုံရေးစောင့်ကြပ်နေတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ် လို့ အမေရိကန်ခရီးသွားတစ်ယောက်က ပြောပါတယ်။
စစ်သားတွေကတော့ သူတို့ဟာ ကြီးမားတဲ့ဖိအားတွေမှာရောက်နေပေမယ့် ပွဲတော်ကာလအတွင်းဖြစ်ပွားနိုင်တဲ့ ဘယ်လုံခြုံရေးကိစ္စမဆို အကောင်းဆုံးတုံ့ပြန်သွားဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)