လက်ပံတောင်း စီမံကိန်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်း လုပ်မလုပ် ပြည်ထောင်စုဝန်ကြီး စစ်ဆေး

0
341

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ မှာရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းခွင်ကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုံးဝင်း သွားရောက်စစ်ဆေးခဲ့ပါတယ်။

13344506_1710120809250925_2168403027495450240_n

ပြည်ထောင်စုဝန်ကြီးနဲ့အတူ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ က ဇွန်လ ၁၀ ရက် ဒီကနေ့ မနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

တရုတ်ပိုင်ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီထုတ်လုပ်မှုလုပ်ငန်းတွေကြောင့် ဒေသခံများပြည်သူများနဲ့ မကြာခဏဆိုသလို တင်းမာမှုတွေ ရှိခဲ့တာပါ၊ လက်ရှိမှာ ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါဝင်ခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိ/မရှိကို ဝင်ရောက်စစ်ဆေးခဲ့ တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)