ကြံ့ခိုင်ရေးဆေးရုံ ဖြစ်ခဲ့တဲ့ သမိုင်းဝင် အင်းစိန် ဂျီတီအိုင်ကျောင်း ပြန်ဖွင့်မယ်

0
351

ယခုအရပ်သားအစိုးရလက်ထက်မှာ အင်းစိန်ဂျီတီအိုင်ကို မူလနည်းပညာနဲ့သက်မွေးပညာသင်တန်းတွေ ပြန်လည်ဖွင့်လှစ်နိုင်အောင် စီစဉ်နေတယ်လို့ ပညာရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

Insein GTI occupied by USDA

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးရဲ့မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အဲဒီလို ပြောလိုက်တာဖြစ်ပါတယ်။

အင်းစိန်ဂျီတီအိုင်ကျောင်းကို ၂၀၀၇ ခုနှစ်က သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အခုအခါမှာ ပညာရေးဝန်ကြီးဌာနကို ပြန်လည်လွှဲပြောင်းဖို့ စီစဉ်နေတာပါ။

အင်းစိန်ဂျီတီအိုင်ကျောင်းဟာ စစ်အစိုးရလက်ထက်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ငှားရမ်းထားတာဖြစ်ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း ဆန္ဒပြခဲ့တဲ့ ရဟန်းရှင်လူတွေကို ထိန်းသိမ်းတဲ့ အချုပ်ခန်းအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။

ယခင်ဦးသိန်းစိန်အစိုးရရဲ့ ပညာရေးဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်က အင်းစိန်ဂျီတီအိုင်ကို Polytechnic Institute အဖြစ် ဖွင့်လှစ်မယ်လို့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ဖူးပါတယ်။

 

Photo:niknayman

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)