မီးလောင်ခဲ့သော မန်းမင်္ဂလာဈေးကို ဂေါ်ရာကွင်းတွင် ယာယီပြန်လည်ဖွင့်လှစ်

0
310

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က မီးလောင်ကျွမ်းခဲ့တဲ့ မန္တလေးမြို့ မင်္ဂလာဈေးကို ယာယီဈေးအဖြစ် ဂေါ်ရာအားကစားကွင်းနေရာမှာ ချထားပေးမှာဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မေလ ၉ ရက်နေ့က မန္တလေးမြို့ မြို့တော်ခန်းမမှာ မင်္ဂလာဈေးအဆောက်အဦ အသစ်ပြန်လည်ဆောက်လုပ်မှာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဈေးသူဈေးသားတွေ တွေ့ဆုံဆွေးနွေးစဉ် မြို့တော်ဝန်က အဲဒီလို ပြောကြားခဲ့တာပါ။ ဒါ့အပြင် ယာယီဈေးနေရာမှာ ဆိုင်ဖွင့်လို့တဲ့ ဈေးသူဈေးသားတွေအနေနဲ့ စာပေးနိုင်ပြီဖြစ်သလို ဆိုင်းခန်းခအဖြစ် ကျပ် ၃ သိန်း ၅ သောင်းပေးသွင်းရမယ်လို့ ပြောပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တက်ရောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)