နိုင်ငံရဲ့အချုပ်အခြာကို ထိပါးလာရင် နျူလက်နက်တွေ သုံးမယ်လို့ ကင်ဂျုံအွန်သတိပေး

0
314

မြောက်ကိုးရီးယားခေါင်ဆောင် ကင်ဂျုံအွန်းက နိုင်ငံရဲ့ အချုပ်အာခြာအာဏာကို ထိပါးလာခြင်းမရှိဘဲ သူ့အနေနဲ့ နျူးကလီးယား လက်နက်တွေကို အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံရဲ့ အာဏာရအလုပ်သမားပါတီ ညီလာခံ ကျင်းပနေစဉ်အတွင် ပြောကြားတဲ့မိန့်ခွန်းမှာ ခေါင်းဆောင် ကင်ဂျုံအွန်းက အဲဒီလို ပြောကြားလိုက်တာပါ။
နျူကလီးယားလက်နက်ပိုင်နိုင်ငံတစ်နိုင်ငံတနေနဲ့ မြောက်ကိုရီးယားရဲ့ အချုပ်အာခြာအာဏာကို မထိပါးလာမချင်း နျူကလီးယားလက်နက်ကို အသုံးပြုသွားမှာ မဟုတ်အကြောင်းနဲ့ နျူကလီးယား လက်နက် မပြန့်ပွားရေး၊ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား ကင်းရှင်းရေအတွက် ယုံကြည်စွာနဲ့ လုပ်ဆောင်သွားမှာပါလို့ ကင်ဂျုံအွန်းက ပြောပါတယ်။
မြောက်ကိုးရီးယားနိုင်ငံဟာ နျူးကလီးယားလက်နက် စမ်းသတ်မှုတွေ ဒုံကျည်စမ်းသတ်မှုတွေကြောင့် ကုလသမ္မဂ္ဂရဲ့ ပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)