တရုတ်နိုင်ငံ မိုးကြီးမြေပြိုတာကြောင့် လူ ရှစ်ဦးသေ၊ ၃၀ ကျော် ပျောက်ဆုံး

0
365

တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူဂျီယမ်ပြည်နယ်မှာ မနေ့ကမနက်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် လူ8ဦးသေဆုံးပြီး 33 ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့မနက်ကပြောပါတယ်။

Sanming မြို့က တောင်ထူထပ်တဲ့ Taining ကောင်တီမှာ မြေပြိုကျခဲ့တာဖြစ်ပြီး ဟိုက်ဒရိုစွမ်းအင်ဌာန ဆောက်လုပ်ရေးနေရာ နဲ့ ရုံးတွေ ပျက်စီးသွားခဲ့တာပါ။
အဲဒီပျက်စီးသွားတဲ့ အဆောက်အဦးထဲမှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေ ကြိုးစားနေကြတာပါ။
တရုတ်နိုင်ငံသမ္မတ ရှင်ကျင်းပင်က ကယ်ဆယ်ရေးလုပ်ငန်းတွေ လျင်မြန်စွာဆောင်ရွက်ဖို့ စေ့စပ်သေချာအောင်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
မေလ 7ရက်နေ့က စပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)