ငြိမ်းချမ်းရေးစာဆို ဒဂုန်တာရာရဲ့ ၉၇ နှစ်မြောက်မွေးနေ့ အောင်ပန်းတွင် ကျင်းပ

0
382

ကွယ်လွန်သွားပြီဖြစ်တဲ့ ငြိမ်းချမ်းရေးစာဆို စာရေးဆရာဒဂုန်တာရာရဲ့ ၉၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် မနက်ဖြန် မေလ ၁၀ ရက်နေ့မှာ အောင်ပန်းမြို့၊ မယ်ခိုတောင် ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဆရာကြီးဒဂုန်တာရာကို လေးစားချစ်ခင်ကြတဲ့ မြန်မာပြည်အနှံ့က ကဗျာဆရာတွေ၊ စာရေးဆရာတွေကလည်း ကဗျာတွေ စာတမ်းတွေ ဖတ်ကြားကြမှာဖြစ်ပါတယ်။ ဆရကြီးဒဂုန်တာရာကို ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၊ ထိုင်ကူမြစ်တန်းရွာမှာ ၁၉၁၉ ခုနှစ် မေလ ၁၀ ရက် နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ အောင်ပန်းမြို့ နေအိမ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မေလ ၁၀ ရက်နေ့မှာ ဆရာကြီးရဲ့ ၉၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို အောင်ပန်းမြို့က ဂူဗိမာန်မှာ ကျင်းပခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)