ထိုင်းရောက်မြန်မာအလုပ်သမားတွေ တန်းတူအခွင့်အရေးပေးဖို့ သမ္မတ ဦးထင်ကျော် ပြောကြား

0
364

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ထိုင်းနိုင်ငံအတွင်းက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အလုပ်သမားအခွင့်အရေးတွေ တန်းတူပေးစေလိုကြောင်း ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အထူးကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်း နဲ့တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

သမ္မတ ဦးထင်ကျော်နဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးတို့ဟာ ဒီနေ့ မေလ ၉ ရက်နေ့ မနက်က နေပြည်တော် သမ္မတအိမ်တော်မှာရှိတဲ့ သံတမန်ဆောင်ဧည့်ခန်းမမှာ တွေ့ဆုံရာမှာ အဲဒီလို ပြောကြားလိုက်တာပါ။ ဒါ့အပြင် မြန်မာ ထိုင်း ချစ်ကြည်ရေးတံတား အမှတ်စဉ် (၂) တည်ဆောက်ပြီးစီးပါက နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ကူးလူးဆက်ဆံမှုတွေ တိုးတက်လာမှာဖြစ်ကြောင်းလည်း ဦးထင်ကျော်က ပြောကြားခဲ့သလို ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးကလည်း လာမယ့် ရုရှား – အာဆီယံ အစည်းအဝေးမှာ မြန်မာ နဲ့ ထိုင်း နှစ်နိုင်ငံ အကြီးအကဲတွေ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးလိုကြောင်းနဲ့ နိုင်ငံတော်သမ္မတဦးထင်ကျော်အနေနဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီးစဉ်လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)