သာသနာ့ဘောင် ၀င်ရောက်သွားတဲ့ ခိုင်နှင်းဝေ

0
370

အနုပညာလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းကာ ပရဟိတလုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေဟာ ဇွန်လ ၉ရက်နေ့က သာသနာ့ဘောင်ကို ဆယ်ရက်တာ ၀င်ရောက်ခဲ့ပါတယ်။

သု့အနေနဲ့ အရင်ကတည်းက သာသနာဘောင်ကို ၀င်ရောက်ဖို့ စိတ်အားထက်သန်ခဲ့ပေမယ့်လည့်း  ပရဟိတလုပ်ငန်းတွေကြောင့် အခုနှစ်မှသာ ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

သာသနာဘောင်ဝင်ရောက်တဲ့အထိမ်းအမှတ် အလှုပွဲကိုတော့ ဗဟန်းမြို့မှာရှိတဲ့ မဟာစည်သနာ့ရိပ်သာ မှာ ပြုလုပ်ခဲ့ပြီး အနုပညာမောင်နှမတွေက တက်ရောက်ခဲ့ကြပါတယ်။

သူ့အနေနဲ့ မဓမ္မေသီဘွဲ့ ကို ခံယူပြီး လှည်းကူးမြို့ အင်းတိုင်ရွာမှာရှိတဲ့ ခိဗ္ဗပညာသဓမ္မရံသီ ရိပ်သာမှာ သီတင်းသုံးနေထိုင်မှာဖြစ်ပါတယ်။
သရုပ်ဆောင်ခိုင်နှင်းဝေအနေနဲ့ ဆယ်ရက်တာ သာသနာဘောင်ဝင်ရောက်အပြီးမှာ အနုပညာ အလုပ်တွေအပြင် ပရဟိတလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)