စစ်ကိုင်းအတွင်း ရေကြီးမှုကြောင့် လူနှစ်ဦး သေဆုံးပြီး ပျက်စီးဆုံးရှုံးမှုတွေ များပြား

0
358

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဝန်းသို၊ ကောလင်း၊ ကသာ စတဲ့ ဒေသတွေမှာ ဇွန်လ ၉ရက် ဒီကနေ့မနက် ၃ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှုတွေကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း များပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

13346932_1723544101240014_7707343808857256712_n

အဲဒီလိုရေလျှံမှုတွေ ဖြစ်လာတဲ့အတွက် လူနေရပ်ကွက်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လူနေအိမ်တွေ၊ ကုန်လှောင်ရုံတွေထဲရေတွေ ဝင်ရောက်ခဲ့ပါတယ်။ ဒါ့အပြင်ရေကြီးမှုကြောင့် ရပ်ကွက်နဲ့ကျေးရွာအကြား တည်ဆောက်ထားတဲ့ သစ်တားတံတား တစ်ခုအပါအဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်း/တံတားက ဆောက်လုပ်ထားတဲ့ ကွန်ကရစ်တံတားအချို့လည်း ပျက်စီးခဲ့ပါတယ်။ လတ်တလောအခြေအနေမှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ လူမှုရေး အသင်းအဖွဲ့တွေက ကုညီဆောင်ရွက်မှုတွေလုပ်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)