ပဲခူး ရွှေမော်ဓောစေတီ ရင်ပြင်တော်ပေါ်တွင် ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူတာကို ကန့်ကွက်

0
336

ပဲခူးတိုင်းဒေသကြီးရဲ့ မြို့ကျက်သရေဆောင်ဖြစ်တဲ့ ရွှေမော်ဓောစေတီရင်ပြင်ပေါ်မှာ ဆက်သွယ်ရေးတာဝါတိုင်စိုက်ထူထားတာကို ပဲခူးမြို့က မီဒီယာသမားတွေက ကန့်ကွက်ကြောင်း ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

13344804_1768066733474226_6359391579941924860_n

စေတီတော်ရင်ပြင်မှာ မြေကြီးတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်တာကြောင့် ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးခဲ့တာကြောင့် အခုလို ကန့်ကွက်ကြောင်း ထုတ်ပြန်မှာဖြစ်ပါတယ်။

ဒီလို တာဝါတိုင် စိုက်ထူတာကို သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်းတို့ သိရှိခြင်း မရှိခဲ့ပါဘူး။

အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပဲခူးမီဒီယာတွေ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ကန့်ကွက်ကြောင်းကို လက်မှတ်ရေးထိုးပြီး သာသနာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရနဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနတို့ကို ပေးပို့သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)