ထိုင်းနိုင်ငံက မြန်မာ့ပိုင်နက်တွေကို အနုနည်းနဲ့ ရယူဖို့ ကြိုးစားနေပြီး မြန်မာပိုင် နယ်မြေထဲမှာ အဝေးပြေးကားလမ်း ဖောက်လုပ်ထား

0
373

ထိုင်းနိုင်ငံက မြန်မာပိုင်နယ်မြေများမှာ အဆောက်အဦနဲ့ အဝေးပြေးကားလမ်းကို ဆောက်လုပ်ဖောက်လုပ်ထားပြီး မြန်မာ့ပိုင်နက်တွေကို အနုနည်းနဲ့ ရယူဖို့ ကြိုးစားနေ တယ်လို့ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာသန်းမြင့်က ပြောဆိုလိုက်ပါတယ်။

Untitled-1

ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောလိုက်တာပါ။ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်က ဦးစောတင်ဝင်းက ဘုရားသုံးဆူမြို့က နယ်ခြားဂိတ်ကို ဖွင့်လှစ်ရေးနဲ့ပတ်သက်ပြီး မေးမြန်းစဉ် ၀န်ကြီးက အဲဒီလိုပြောလိုက်တာပါ။

ဒါ့အပြင် ဘုရားသုံးဆူနယ်စပ်ဂိတ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ရေးနဲ့ နယ်စပ်ဂိတ်အဆင့်မြင့်ရေး ထိုင်းဖက်က တင်ပြခဲ့ပေမယ့် မြန်မာနိုင်ငံက လက်မခံခဲ့ပါဘူး။ ဒီနယ်စပ်ဂိတ်ကို ဖွင့်လိုက်ရင် ထိုင်းနိုင်ငံက ကျူးကျော်ထားတာကို အသိအမှတ်ပြုရာရောက်နိုင်တဲ့အတွက် နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်မှာ မဟုတ်ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)