သူ့အလုပ်ရှင်ရဲ့ကလေးကို နို့နဲ့ကျင်ငယ်ရည်ရောပြီး တိုက်ကျွေးခဲ့သူ အိမ်ဖော်တစ်ဦး ထောင်ဒဏ် တစ်လကျော် ချမှတ်ခံရ

0
343

စင်ကာပူနိုင်ငံမှာ အင်ဒိုနီးရှားအိမ်ဖော်အမျိုးသမီးတစ်ဦးက အသက်လေးနှစ်အရွယ် သူ့အလုပ်ရှင်ရဲ့ကလေးကို နို့နဲ့ ကျင်ငယ်ရေကို ရောနှောတိုက်ကျွေးခဲ့တာကြောင့် ထောင်ဒဏ် ခြောက်ပတ် ချမှတ်ခံခဲ့ရပါတယ်။

milk1

အသက် ၂၇ နှစ်အရွယ်ရှိ အယ်လာဆိုတဲ့ အိမ်ဖော်အမျိုးသမီးဟာ သူ့ကျင်ငယ်ရေနဲ့ နို့ကိုရောနှောတိုက်ကျွေးခဲ့တာကို ၀န်ခံခဲ့ပြီး ခွင့်လွှတ်ဖို့ အသနားခံခဲ့ပါတယ်။ သူ့ကို ကလေးအဖေဖြစ်သူက အလုပ်ခန့်ခဲ့တာဖြစ်ပြီး အလုပ်ဝင်ရောက်လုပ်ကိုင်တာ တစ်လခန့်ပဲ ရှိပါသေးတယ်။

တရားရုံးမှာကြားနာမှုအရ ကလေးအမေဖြစ်သူဟာ အိမ်ပြန်ရောက်တဲ့အချိန်မှာ ရေတကောင်းထဲက ရေနည်းနည်းသောက်မိပြီး အ၀ါရောင်အနည်းငယ်သန်းပြီး ပေါ့ရွတ်နေတာကြောင့် သူ့ယောက္ခမဖြစ်သူနဲ့ ယောက်ျားးဖြစ်သူကို ပြသခဲ့တာပါ။ သူတို့နှစ်ဦးကလည်း အနည်းငယ်စီ မြည်းသောက်ခဲ့ကြတာပါ။

သူတို့ဟာ အိမ်ဖော်ဖြစ်သူကို စောင့်ကြည့်နေခဲ့ကာ အိမ်အကူဌာနကိုခေါ်ဆောင်စစ်ဆေးခဲ့ချိန် အိမ်ဖော်ဖြစ်သူက ကလေးကို နို့နဲ့ ကျင်ငယ်ရည်ရောပြီး တိုက်ခဲ့တယ်လို့ ၀န်ခံခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)