မေးခွန်းများအတွက် ကြိုတင်ပြင်ဆင် ထားကြဖို့ ပြောရေးဆိုခွင့်ရှိ သူတွေကို ပြန်ကြားရေးဝန်ကြီးပြော

0
283

ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများအနေနဲ့ မီဒီယာများက မေးမြန်းသည့်အခါ အဆင်သင့်မဖြစ်တဲ့အဖြေတွေ မဖြစ်စေဖို့ ကြိုတင်ပြင်ထားရမယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က သတိပေးပြောဆိုလိုက်ပါတယ်။

13407074_903372156457318_628833042409409629_n

ဇွန်လ ၇ ရက်နေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးရုံးမှာပြုလုပ်တဲ့ ပြောရေးဆိုခွင့်ရှိသူများ မီဒီယာဆက်ဆံရေး အလုပ်ရုံဆွေးနွေးပွဲမှာ ၀န်ကြီးက အဲဒီလိုပြောဆိုလိုက်တာပါ။

ဒါ့အပြင် ပြောရေးဆိုခွင့်ရှိသူတွေကို ၀န်ကြီးဌာနများမှာ ခန့်အပ်ခြင်းဟာ ၀တ္တရားအရလုပ်ဆောင်တာလို့ မမှတ်ဘဲ မီဒီယာတွေ သူတို့အလုပ် သူတို့လုပ်သလို မိမိတို့ဟာလည်း မိမိတို့ အလုပ် မိမိတို့လုပ်တယ်လို့ သတ်မှတ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ ပြောရေးဆိုခွင့်ရှိသူတွေကို သတင်းထုတ်ပြန်ချက် ရေးသားခြင်း၊ သတင်းဖြေကြားခြင်း၊ သတင်းရေးသားနည်းနဲ့ အင်တာဗျူးဖြေဆိုနည်းတွေကို သင်ကြားပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)