အစ္စရေးနို်င်ငံ တဲလ်အဗစ်မြို့မှာ ရှိတဲ့ လူစည်ကားတဲ့ဈေးမှာ သေနတ်ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံး

0
345

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့လယ်မှာ ရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်နဲ့ လူစည်ကားတဲ့ ဈေးကို ပါလက်စတိုင်းနှစ်ဦး သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ၄ ဦးသေဆုံးပြီး ၆ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ တာဝန် ရှိသူ တစ်ဦးက ပြောပါတယ်။

_89922280_842ebf18-8e39-417f-ba51-ea0ed83d8827

အဲဒီပစ်ခတ်တိုက်ခိုက်မှုဟာ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်တပ်ဌာနချုပ်အနီးမှာ ရှိတဲ့ ဆာရိုနာ ဈေးထဲက နေရာနှစ်ခုကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုက ဒေသစံတော်ချိန် ၉နာရီခွဲ ၀န်းကျင်လောက် ဈေးထဲမှာရှိတဲ့ စားသောက်ဆိုင်နဲ့ဘားမှာ လူအများအနားယူအပန်းဖြေတဲ့ အချိန်ကို ရွေးပြီးတော့ တိုက်ခိုက်ခဲ့တာပါ ဖြစ်ပါတယ်။

အစ္စရေးရဲ့ ချန်နယ် 10 တီဗွီမှာ အမျိုသမီး တစ်ဦးပြောထားတာတော့ သူမဟာ အဲ့ဒီချိန်မှာ သူမရဲ့သား မွေးနေ့ပွဲကို ကျင်းပနေတာပါ သေနတ်သံ ကြားတာနဲ့ ဒါဟာ အကြမ်းဖက် တွေ တိုက်ခိုက်တာ ဖြစ်မယ်ဆိုတာကို ကျွန်မ ချက်ချင်း နားလည်လိုက်တယ်။ ကျွန်မတို့ကတော့ ကလေးနဲ့ တွန်းလှည်းကို ဆွဲပြီး မြန်မြန်ပြေးတော့တာပဲ ဘာဖြစ်တာဆိုတာမသိပဲ ထိုင်နေတဲ့ ကြောင်ပြီးထိုင်နေတဲ့ လူတွေကို ပြေးဖို့ ကျွန်မက အော်ပြောခဲ့သေးတယ်လို့ တိုက်ခိုက်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့သူ မိုင်တယ် စာစီ ကပြောပါတယ်။

ရဲအရာရှိတွေကတော့ လက်နတ်ကိုင်တွေက ဟယ်ဘလွန်မြို့အနောက်ဘက်အနီး အနားမှာ ရှိတဲ့ ရာတန်၇ွာက လူတွေ ဖြစ်တယ်လို့ပြောပါတယ်။ နစ်ယောက်လုံးကို ဖမ်းချုပ်ထားပြီး တစ်ယောက်ကတော့ ဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းမှာ ဒီလပိုင်းတွေမှာ မတော်တဆ ထိခိုက် တိုက်ခိုက်မှုတွေနည်းနေခဲ့ ပေမဲ့လည်း ပြီးခဲ့တဲ့နှစ်က သေနတ်ပစ်ခတ်မှုတွေ ကားတိုက်မှုတွေ က ဖြစ်နေခဲ့တာပါ။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမီ နန်တာရားဟူက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မှုခင်းဖြစ်ပွားတဲ့ နေရာကို သွားရောက်ခဲ့ပြီးတော့ ဒီဖြစ်စဉ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)