မြစ်ကြီးနားမြို့ မနောကွင်းမှာ စစ်ဘေးဒဏ်သင့်ခြင်း ငါးနှစ်ပြည့်ရင်ဖွင့်ခြင်း အစီအစဉ်ပြုလုပ်

0
355

ကချင်ပြည်နယ်မှာ စစ်ဘေးဒဏ်ခံရတာ ငါးနှစ်ပြည့်မြောက်တဲ့အထိမ်းအမှတ်အဖြစ် ရင်ဖွင့်ခြင်းအစီအစဉ်တစ်ရပ်ကို မြစ်ကြီးနားမြို့ မနောကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

13413707_1082594011800017_4070579279867543753_n

ဒီကနေ့ ဇွန်လ ၉ ရက်နေ့ နံနက် စီပူတာရပ်ကွက်မှာရှိတဲ့ မနောကွင်းမှာ ပြုလုပ်တဲ့ ဒီအစီအစဉ်ကို ဒေသခံထောင်ပေါင်းများစွာက တက်ရောက်ခဲ့ကြပါတယ်။ ဒီအစီအစဉ်မှာ စစ်ဘေးဒုက္ခသည်တွေက မနောကွင်းအထိ အသံတိတ်လမ်းလျှောက်ခဲ့ကြပြီး စစ်ဘေးဒုက္ခသည်တွေရဲ့ ရင်ဖွင့်ခြင်း၊ ဆုတောင်းခြင်း၊ ကဗျာရွတ်ဆိုခြင်းနဲ့ အခြားအစီအစဉ်တွေ ထည့်သွင်းကျင်းပခဲ့ကြတပါတယ်။ အဲဒီ ငါးနှစ်ပြည့်ရင်ဖွင့်ခြင်းအစီအစဉ်ကို ကချင်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတွေ အနုပညာအဖွဲ့အစည်းတွေနဲ့ ကချင်နှစ်ခြင်းအသင်းတော်တွေ ပါဝင်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)