ကွမ်းစားသုံးမှု လျော့ချရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ပြည်သူ့သဘောထား ကောက်ခံ

0
312

နိုင်ငံတော်သမ္မတရုံးက ကွမ်းစားသုံးမှုလျှော့ချရေးနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ထင်မြင်ယူဆချက်ကို သမ္မတရုံးရဲ့အင်တာနက်စာမျက်နှာမှတစ်ဆင့် ကောက်ခံနေပါတယ်။

သမ္မတရုံးရဲ့အင်တာနက်စာမျက်နှာမှာ ကွမ်းစားသုံးမှုလျှော့ချရေးနှင့် ကွမ်းတံတွေး စည်းကမ်းမဲ့ထွေးမှု ပပျောက်ရေး လူထုသဘောထားတောင်းခံခြင်းဆိုပြီး စာမျက်နှာတစ်ခုဖွင့်လှစ်ကာ ပြည်သူ့သဘောထား ကောက်ခံနေတာဖြစ်ပါတယ်။

အစိုးရဌာနတွေနဲ့ ကျောင်းတွေအနီးနားက ကွမ်းယာဆိုင်တွေကို ဖယ်ရှားရှင်းလင်းဖို့ အစိုးရက ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူတွေရဲ့ ဝေဖန်မှုတွေထွက်ပေါ်လာတာကြောင့် အခုလို ပြည်သူ့သဘောထား ကောက်ခံနေတာဖြစ်ပါတယ်။

အဲဒီစာမျက်နှာမှာ လုံးဝမထောက်ခံပါ၊ မထောက်ခံပါ၊ မူဝါဒကို ထောက်ခံသည်၊ သို့သော် လုပ်နည်း မထောက်ခံပါ။ ကွမ်းနှင့်အတူ လောင်းကစား၊ မူးယစ်ဆေးဝါး၊ အရက်သေစာများကို ထိထိရောက်ရောက် ထိန်းချုပ်ပေးစေလိုပါသည်၊ ထောက်ခံ၊ မထောက်ခံ မှတ်ချက် မပေးလိုပါ စတဲ့ ရွေးချယ်ခွင့် ငါးခုပေးထားပါတယ်။

ဒီကနေ့ ဇွန်လ (၉)ရက်ေန့ နေ့လည် ၁နာရီလောက်ထိ သဘောထားမှတ်ချက်ပေးသူ လေးထောင်ကျော်ရှိပြီး အများစုမှာ ကွမ်းနှင့်အတူ လောင်းကစား၊ မူးယစ်ဆေးဝါး၊ အရက်သေစာများကို ထိထိရောက်ရောက် ထိန်းချုပ်ပေးစေလိုပါသည်လို့ သဘောထားမှတ်ချက်ပေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)