မင်္ဂလာဈေး အသစ်ပြန်လည် တည်ဆောက်မယ်လို့ ပြည်ထောင်စုဝန်ကြီး ပြော

0
379

ယခုနှစ် ဇန်န၀ါရီအတွင်း မီးလောင်ကျွမ်းခဲ့တဲ့ ရန်ကုန်မြို့ မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။

504061150

ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ပြောဆိုလိုက်တာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ မင်္ဂလာဈေးကို ဘယ်အချိန်မှာတည်ဆောက်ပြီး အချိန်ဘယ်လောက်ကြာမလဲဆိုတဲ့မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက အဲဒီလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလ ၁၆ ရက်နေ့ ဈေးအသစ်တည်ဆောက်ခြင်းနဲ့ အဟောင်းပြုပြင်ခြင်းကို ဈေးသူဈေးသားတွေရဲ့ဆန္ဒကို တောင်းခံခဲ့ရာမှာ ဈေးအသစ်တည်ဆောက်ဖို့ ဆန္ဒပြုသူများတဲ့အတွက် ဈေးအသစ်ပြန်လည်တည်ဆောက်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)