ပြည်ခိုင်ဖြိုးပါတီ အောက်ခြေအဆင့်ဆင့်ရွေးချယ်ပွဲများ ကျင်းပနေ

0
403

လာမယ့် ဇူလိုင်လအတွင်းကျင်းပမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုညီလာခံမတိုင်ခင် ရပ်ကွက်၊ ကျေးရွာအဆင့်ဆင့်က ပါတီဝင်ကို ရွေးကောက်တင်မြှောက်နေကြပါတယ်။

13164428_1534142686892139_5830325023656616816_n

သက်တမ်းတစ်ဖြတ်အတွက် အဆင့်ဆင့်ပြန်ရွေးတဲ့သဘောပါ။
ရပ်ကျေးပြီးလို့ မြို့နယ်အဆင့်ပြန်ရွေးရင်လည်း ကျွန်တော်တို့လည်း ထွက်စာတင်ပြီးမှ ပြန်အရွေးခံရမှာပါလို့ ပဲခူးတိုင်းဒေသကြီးက ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးက ဆိုပါတယ်။

သမ္မတဦးသိန်းစိန် ပါတီဥက္ကဋ္ဌရာထူးပြန်လည်ရယူပြီး ပြည်ခိုင်ဖြိုးခေါင်းဆောင်းပိုင်းက ၁၇ ဦးကို ပါတီဝင်အဖြစ်က ထုတ်ပယ်ခဲ့တာပါ။ အဲဒီထုတ်ပယ်ခံရသူတွေက ပါတီညီလာခံခေါ်ပေးဖို့ လက်မှတ်ထိုးတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင်လမှာ ပါတီညီလာခံပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)