ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သင့်သူတွေပါဝင်အောင်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ညွန်ကြား

0
354

အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်တိုင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေး ဦးတည်ဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

13151639_807799286020956_3517099785281996021_n

ဒီနေ့ မေလ ၉ ရက်နေ့ နေပြည်တော် သမ္မတအိမ်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်ကျင်းပတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre – NRPC) ဖွဲ့စည်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလိုပြောကြားခဲ့တာပါ။
ဒါ့အပြင် ဒီအစည်းအဝေးကနေ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဖွဲ့စည်းရေးလုပ်ငန်းစဉ်တွေနဲ့ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေကို တစ်ပြိုင်တည်း ဆောင်ရွက်ရေးနဲ့ ၂၁ ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုင်တင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်တွေမှာ ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေး ဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြပါတယ်။
ဒီအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်း၊ အစိုးရကိုယ်စားလှယ်တွေဖြစ်တဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာနက ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးမြင့်စိုး၊ ဦးခင်ဇော်ဦးနဲ့ ဒေါက်တာ မင်းဇော်ဦးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)