ညီလာခံ သတင်းရယူနေတဲ့ ဘီဘီစီသတင်းထောက်ကို မြောက်ကိုရီးယားဖမ်းဆီး

0
343

မြောက်ကိုးရီးယားနိုင်ငံမှာ အလုပ်သမားပါတီ ညီလာခံကျင်းပပြီး သတင်းရယူဖို့ နိုင်ငံခြားသတင်းထောက်တွေကိုဖိတ်ကြားခဲ့ပြီး ဘီဘီစီသတင်းထောက်ရဲ့ သတင်းပေးပို့မှုနဲ့ ပတ်သက်လို့ သောကြာနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

North Korean leader Kim Jong Un (C) attends the 3rd Meeting of Activists in Fisheries under the Korean People's Army (KPA) in this undated photo released by North Korea's Korean Central News Agency (KCNA) in Pyongyang December 29, 2015.     REUTERS/KCNA

Rupert Wingfield-Hayes လို့အမည်ရတဲ့ အဲဒီသတင်းထောက်ကို သောကြာနေ့က ထိန်းသိမ်းခဲ့တာဖြစ်ပြီး ထုတ်လုပ်ရေးသမား၊ တို့နဲ့အတူ တနင်္လာနေ့ညနေမှာတော့ ပြုံယမ်းလေဆိပ်ကနေ နေရပ်ကို ပြန်ရမှာဖြစ်ပါတယ်။
မသင့်လျော်မမှန်ကန်တဲ့ သတင်းပေးပို့မှုအတွက် ဖမ်းဆီးထိမ်းသိန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြုံယမ်းမြို့က နောက်ထပ် BBC သတင်းထောက် John Sudworth ကတော့ Rupert ရဲ့ သတင်းပေးပို့ချက်ကို စစ်ဆေးတာနဲ့ ပတ်သက်လို့ သဘောမတူဘူးလို့ ပြောပါတယ်။
မြောက်ကိုးရီးယားက နိုင်ငံပေါင်း ၁၂ နိုင်ငံက သတင်းထောက် ၁၂၈ ဦးကို ဗီဇာခွင့်ပြုခဲ့တာဖြစ်ပြီး သောကြာနေ့က စတင်ခဲ့တဲ့ ပါတီ ညီလာခံကို သတင်းရယူဖို့ လက်ခံခဲ့တာဖြစ်ပြီး သူတို့ရဲ့ လှုပ်ရှားမှုကို အနီးကပ် ကြပ်မတ်စီစဉ်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း က သူ့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာမှသာ နျူကလီးယား လက်နက်သုံးမှာဖြစ်တယ်လို့လည်း မကြာသေးမီက ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)