လုပ်ခအပြည့်အ၀ မပေးတဲ့ ထိုင်းလုပ်ငန်းရှင်ကို မြန်မာအလုပ်သမားတွေ ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြား

0
388

ထိုင်းနိုင်ငံရှိ ကြက်ခြံမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအလုပ်ရှင်တွေက အချိန်ပိုခိုင်းစေတာတွေ၊ လုပ်အားခအပြည့်အ၀မပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်က ပြောဆိုလိုက်ပါတယ်။

13592179_1053408224751478_9195994588093034937_n

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်နဲ့ မြန်မာအလုပ်သမား ၁၄ ဦးတို့ ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားတဲ့ တိုင်ကြားစာမှာ အဲဒီလို ပြောဆိုလိုက်တာပါ။ အဲဒီတိုင်ကြားစာမှာ မြန်မာအလုပ်သမားတွေ လုပ်ဆောင်ခဲ့ရတာတွေ၊ ထိုင်းအလုပ်ရှင်တွေရဲ့ အဓမ္မခိုင်းစေမှုတွေနဲ့ နစ်နာခဲ့ရတွေကို လျော်ကြေးပေးဖို့ တောင်းဆိုထားတဲ့ အကြောင်းအရာတွေ ပါဝင်တာဖြစ်ပါတယ်။

ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်အားခတွေကို အပြည့်အ၀မပေးဘဲ ဖြတ်တောက်ခဲ့ပြီး သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကိုလည်း သိမ်းယူထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)