ရေကြီးမှုကြောင့် လူပေါင်း ၆၀၀၀ ကျော် ရေဘေးဒုက္ခခံစားနေရ

0
335

ရခိုင်ပြည်နယ်မှာ ရေကြီးမှုကြောင့် လူပေါင်း ၆၀၀၀ ကျော် ရေဘေးဒုက္ခခံစားနေရပါတယ်။

13606987_659293640889717_1215506090116130499_n

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားမြို့နယ်က ဒေသခံတွေ ရေဘေးဒုက္ခ ခံစားနေရတာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်း ပင်လယ်ဒီရေမြင့်တက်လာပြီး အင်္ဂါနေ့မှာ မိုးသည်ထန်စွာ ရွာသွန်းခဲ့တာကြောင့် နေရာတော်တော်များများကို ရေလွှမ်းခဲ့တာပါ။

ဒေသခံတွေဟာ ဘုန်းကြီးကျောင်းတွေနဲ့ ကုန်းမြင့်နေရာတွေကို ပြောင်းရွှေ့ခိုလှုံနေရတာပါ။ အခုအချိန်မှာ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်နေပေမယ့် အခြေခံအဆောက်အဦတွေ နည်းပါးနေတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)