ယာဉ်လမ်း အန္တရာယ်ကင်းရှင်းဖို့ ပြည်သူတွေ ပူးပေါင်းပါဝင်မှု အရေးကြီးတယ်လို့ ဒုသမ္မတ ပြော

0
341

ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းဖို့ဆောင်ရွက်ရာမှာလူထုတစ်ရပ်လုံးပူးပေါင်းပါဝင်နိုင်မှုဟာ အရေးကြီးဆုံးဖြစ်တယ်လို့ ယာဉ်အန္တရယ်၊လမ်းအန္တရယ်ကင်းရှင်းရေးကောင်စီင်္ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူ ပြောကြားလိုက်ပါတယ်။

Myanmar car auto vehicle traffic seat belt road safety

ဇူလိုင်လ ၇ရက်နေ့က၊နေပြည်တော်မှာပြုလုပ်တဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနအစည်းအဝေးမှာအခုလိုပြောကြားလိုက်တာပါ။ယာဉ်တိုက်မှုတွေကြောင့် ကမ္ဘာပေါ်မှာ တစ်နှစ်ကို လူ၂သန်းနီးပါးသေဆုံးနေကြပြီးသန်း၅၀နီးပါးဒဏ်ရာ အနာတရာဖြစ်နေကြတယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကပြောပါတယ်။

သေဆုံးမှု အမှုတွေအများဆုံးဟာဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာဖြစ်ပြီးအဲ ဒီနိုင်ငံတွေမှာ မော်တော်ယာဉ်အရေအတွက် တစ်စတစ်စ များပြားလာပေမယ့် ယာဉ်အန္တရာယ်ကင်း ရှင်းရေးအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေပြည်စုံလုံလောက်မှုမရှိတာကြောင့်ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)