ရဲလေ့ကျင့်ရေးကျောင်းကို အဆင့်မြှင့်တင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးမယ်

0
406

ရဲလေ့ကျင့်ရေးကျောင်းကို အဆင့်မြှင့်တင်နိုင်ဖို့အတွက် အခြေခံလိုအပ်ချက်တွေကို ကော်မတီဖွဲ့စည်းပြီး ညှိနှိုင်းဆောင်ရွက်ပေး သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

13418811_592757187568378_9047930261457959168_n

ဒီကနေ့ ဇွန်လ ၈ ရက်နေ့က ရမည်းသင်း အမှတ် ၁ ရဲလေ့ကျင့်ရေးကျောင်းမှာ ပြုလုပ်တဲ့  အကြမ်းဖက်တိုက်ဖျက်ရေး၊ အနီးကပ် တိုက်ခိုက်နည်းနဲ့ လေ့ကျင့်ရေးသင်တန်းသူ(ရဲမေ)တွေရဲ့ လက်တွေအသုံးချဖမ်းဆီးထိန်းသိမ်းနည်း သရုပ်ပြပွဲကို တက်ရောက် ကြည့်ရှုစဉ် အဲဒီလို ပြောကြားခဲ့တာပါ။

ဒါ့အပြင် သင်တန်းသူ တစ်ဦးချင်း အလိုက်လိုအပ်ချက်တွေနဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။

သင်တန်းကျေင်းအတွင်း အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရဲဝတ်စုံလုံလောက်မှုရှိ/မရှိ၊ လျှပ်စစ်မီး၊ သောက်သုံးရေဖူလုံစေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံအဆောက်အအုံလိုအပ်ချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)