သိန်းတစ်သောင်းကျော်ယူပြီး ထွက်ပြေးနေတဲ့ကဗျာဘွဲ့မှူး အမြန်ဆုံးဖြေရှင်းပေးဖို့ အနုပညာရှင်တွေ တောင်းဆို

0
333

ZTH စက်သုံးဆီအရောင်းဆိုင်အတွက် အနုပညာရှင်တွေထည့်ဝင်ထားတဲ့ ငွေတွေကို လိမ်လည်ပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ တေးသံရှင် ကဗျာဘွဲ့မှူးကို အမြန်ဆုံးဖြေရှင်ပေးဖို့အတွက် လိမ်လည်ခံရတဲ့ အနုပညာရှင်တွေဘက်က တောင်းဆိုလာပါတယ်။

13335538_610841339076072_4653224053320880675_n

 

ပြီင်္းခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ZTH စက်သုံးဆီအရောင်းဆိုင်ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်တဲ့ တေးသံရှင် ကဗျာဘွဲ့မှူး(ခေါ်) နော်စေးမူးဖောနဲ့ သူရဲ့ခင်ပွန်းက လုပ်ငန်းအစုရှယ်ယာဝင်ဖို့အတွက်  အနုပညာရှင်တွေကို ကမ်းလှမ်းခဲ့ပြီး အခုအခါမှာ အဆက်အသွယ်ဖြတ်ကာ ထွက်ပြေးတိမ်းရှောင်နေတာလည်း ဖြစ်ပါတယ်။

ဂီတလောကမှ အနုပညာရှင်တွေအနေနဲ့ ဂုဏ်သိက္ခာအရ ငဲ့ညှာပြီး ဥပဒေကြောင်းအရ ဖြေရှင်းမှုတွေပြုလုပ်သွားမှာမဟုတ်သလို ထွက်ပြေးတိမ်းရှောင်နေတဲ့ ကဗျာဘွဲ့မှူးအနေနဲ့ အခြေအနေမှန်ကို လာရောက်ဖြေရှင်းပေးဖို့အတွက် တောင်းဆိုထားပါတယ်။

ငွေကြေးအလွဲသုံးစားမှုမှာ အလိမ်ခံရတဲ့အနုပညာရှင်တွေဖြစ်တဲ့ တေးသံရှင်မေခလာ သိန်း ၃၀၀ကျပ် ၊ဆုန်သင်းပါရ် သိန်း၁၃၀၀ ၊ Lဆိုင်းဇီ ၈၅သိန်း ၊ဘိုဖြူ သိန်း၁၀၀ ၊ ကော်နီ သိန်း ၁၈၀ ၊အံမော်ဦး သိန်း ၁၀၀၀ ၊အဆိုတော် Dဖြိုး အမျိုးသမီး သိန်း ၈၅၀ ၊ခရစ္စတိုဖာ သိန်း ၅၀၀၊ စောအယ်ခူး သိန်း ၆၀၀၊ ကျော်နေဝင်း သိန်း ၃၀၀ ၊စလားရူဖန်း သိန်း၁၀၀ ၊မိုးနှင်းသက် သိန်း ၂၅၀၀ ၊ဝင်းပပအေး သိန်း ၁၂၅၀ ၊နန္ဒာကျော်သူ သိန်း ၅၀၀၊ ဒေါ်စန္ဒာရတနာ သိန်း ၁၅၀ ၊စင်ဒီ သိန်း ၃၀၀ စတဲ့ ငွေကျပ်စုစုပေါင်း သိန်းတစ်သောင်းကျော်ဖြစ်ပြီး တေးသံရှင်ကဗျာဘွဲ့မှူး အနေနဲ့ အမေရိကားကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဒီကနေ့ နေ့လည်၁၁နာရီက ရန်ကုန်မြို့မှာရှိတဲ့ Orchid ဟိုတယ်မှာ အလိမ်ခံရတဲ့ အနုပညာရှင်တွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)