ကလေးမြို့ ဗိုလ်ချုပ်လမ်း နုန်းနစ်ရေများကြောင့် ပြည်သူတွေ သွားလာရေး အခက်တွေ့နေ

0
351

စစ်ကိုင်းတိုင်း ကလေးမြို့ လှိုင်သာယာရပ်ကွက် ဗိုလ်ချုပ်လမ်း ကလေးတက္ကသိုလ်မုဉ်ဦးအနီးမှာ မိုးရွာတိုင်း မြောင်းရေလျှံမှုဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေ သွားလာရေး အခက်တွေ့နေပါတယ်။

 

13332980_1076774615730440_6984505662679775057_n

 

13413584_1076774672397101_6727590898641794117_n

မြောင်းရေကြောင့် နုန်းနှစ်များ လမ်းမပေါ် တင်ကျန်ရစ်ကာ အများပြည်သူသွားလာရေး ခက်ခဲနေတာဖြစ်ပါတယ်။ အဲဒီနုန်းအနည်အနှစ်များကြောင့် ဆိုင်ကယ်များ မကြာခဏတိမ်းမှောက်ပြီး ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် အဲဒီလမ်းကို အသုံးပြုသူအများစုဟာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ဖြစ်တာကြောင့် စာသင်ကြားဖို့ အခက်အခဲဖြစ်ပေါ်နေပြီး သက်ဆိုင်ရာအနေနဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ ကျောင်းသူကျောင်းသားတွေက လိုလားနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)