တက္ကသိုလ်ဝင်တန်း အောင်စာရင်း အွန်လိုင်းမှာ ၀င်ရောက်ကြည့်ရှုနိုင်

0
381

တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို ပညာရေးဝန်ကြီးဌာနရဲ့ အွန်လိုင်းဝက်ဘ်ဆိုက်စာမျက်နှာမှာ ၀င်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

6.7.17

ပညာရေးဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာတစ်ခုဖြစ်တဲ့ http://www.moemyanmar.net/ မှာ pdf ဖိုင်အနေနဲ့ လွှင့်တင်ကြေညာပေးသွားမှာဖြစ်ပါတယ်။

“ကြည့်လို့ရပါတယ်။ ပညာရေးဝန်ကြီးဝက်ဘ်ဆိုက်မှာ pdf ဖိုင်အနေနဲ့ တင်ပေးသွားပါမယ်။ အဲဒီမှာဝင်ကြည့်လို့ရပါတယ်။ ခုံနံပါတ်နဲ့ တိုက်ရိုက်ရှာဖွေနိုင်တာမျိုးတော့ မလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြဿနာတွေ အများကြီးရှိပြီး အမှားအယွင်းတွေ ရှိနိုင်လို့ပါ”လို့ ပညာရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဒေါက်တာစိုးဝင်းက MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

၂၀၁၅-၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို လာမယ့် ဇွန်လ ၁၁ ရက်(စနေနေ့)မှာ ထုတ်ပြန်သွားမှာဖြစ်ပြီး အဲဒီအောင်စာရင်းတွေကို စနေနေ့ နံနက် (၆)နာရီကစတင်ကာ သက်ဆိုင်ရာကျောင်းတွေမှာ စတင်ကပ်ထားကြေညာသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)