ဘုတလင်မြို့နယ်မှာ တရားမ၀င်သစ် ခြောက်တန်ကျော် ဖမ်းမိ

0
367

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွဲဖက် အရာတော်မြို့နယ်မှာ တရားမ၀င်သစ်ဆောင်လာတဲ့ သစ်ခြောက်တန်ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

13335723_1780984535470449_5866873183091541451_n

13423751_1780984558803780_4989908183868214415_n

အရာတော်မြို့နယ် မကျီးသုံးပင်-မလဲသာကားလမ်း ဆည်တောရွာအနီးမှာ ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ပိတောက်ခွဲသား ၅၄ ချောင်းကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ယာဉ်နံပါတ်တပ်ဆင်ထားခြင်းမရှိတဲ့ ခြောက်ဘီးယာဉ်နဲ့တင်ဆောင်ထားတဲ့ သစ်စုစုပေါင်း ၆ တန်ခွဲကျော် ရှိတာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ တရားခံတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီတရားခံကို ဥပဒေပုဒ်မ ပပက ၆(၁)နဲ့ အရေးယူဆောင်ရွက်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)