ဆဲဗင်းဇူလိုင်အခမ်းအနား ကျောင်းသားသမဂ္ဂ အဆောက်အဦနေရာတွင် ကျင်းပ

0
353

ဗမာနိုင်ငံလုံးဆိုင်ရာကျေင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ဦးဆောင်ပြီး ရန်ကုန်မြို့ ကျောင်းသားသမဂ္ဂ အဆောက်အအုံဟောင်းမှာ ၅၄ နှစ်မြောက် 7 July အောင့်မေဖွယ်အခမ်းအနား ကျင်းပခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အောင်ဆန်းဦး က သတင်းပေးပို့ထားပါတယ်။

ဇူလိုင်လ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၅၄ နှစ်မြောက်အောင့်မေဖွယ် 7 July အောင့်မေဖွယ် အခမ်းအနားမှာ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်ဆောက်လုပ်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျေင်းသားသမဂ္ဂအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းက ဗကသကျောင်းသားတွေနဲ့အတူ ၇၄၊ ၇၅ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အပါအဝင် ပြည်သူတွေဟာ ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်းနေရာမှာ လွမ်းသူပန်းခွေချတာတွေ၊ အလေးပြုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

၁၉၆၂ မေလထဲမှာ ဗိုလ်ချုပ်နေ၀င်းက ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ပြောင်းလဲခန့်အပ်တာကို ကျောင်းသားတွေက မကျေနပ်တာကြောင့် ဇူလိုင်လ ၄ ရက်နေ့မှာ စတင် ဆန္ဒပြခဲ့ကြပြီး ဇူလိုင်လ (၆) ရက်နေ့မှာတော တက္ကသိုလ်နယ်မြေကို ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်လိုက်တာပါ။

အဲဒီနောက် ဇူလိုင်လ ၇ ရက်နေ့မှာ ပုဒ်မ (၁၄၄) ကို ဆန့်ကျင်ကန့်ကွက်ခဲ့သလို မတရား ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် (၂၂) ချက်ကို ဖျက်သိမ်းပေးဖို့ တက္ကသိုလ်ပရ၀ုဏ်အတွင်း လှည့်လည် ဆန္ဒပြခဲ့ကြတာကြောင့် အာဏာပိုင်တွေက အကြမ်းဖတ် ဖြိုခွင်းခဲ့တာဖြစ်ပြီး 7 July နေ့အဖြစ် အောက်မေ့ဖွယ် အထိမ်းအမှတ်အခမ်းအနားတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)