နေပြည်တော်မှာ ပြုလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲမှာ ယူရိုသန်း ၅၃၀ ကျော်ရောင်းချခဲ့ရ

0
307

နေပြည်တော်မှာ ပြုလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲမှာ ယူရိုသန်း ၅၃၀ ကျော်ရောင်းချခဲ့ရပါတယ်။

၅၃ ကြိမ်မြောက်ပြုလုပ်တဲ့ ဒီကျောက်မျက်ရတနာပြပွဲဟာ ဇူလိုင်လ ၂၄ နေ့ကတည်းက စတင်ပြု လုပ်တာဖြစ်ပြီး ပြပွဲအတွင်း ကျောက်မျက်အတွဲ ၇၀၀၀နီးပါး ခင်းကျင်းပြသခဲ့တာဖြစ်ပါတယ်။

ဒီကျောက်မျက်ရ တနာအ တွဲတွေအားလုံးကို အိတ်ဖွင့်တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တွေနဲ့ ရောင်းချခဲ့တာဖြစ်ပြီး ဒီနှစ်ပြပွဲမှာ ခင်းကျင်းပြသတဲ့ ကျောက်မျက်ရတနာအတွဲတွေ နည်းပါးတာကြောင့် လာရောက်တဲ့ ကျောက်မျက်ကု န်သည်တွေ လည်း နည်းပါးခဲ့ပါတယ်။

ဒီပြပွဲကို မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယ၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံက ကျောက်မျက်ရတနာကုန်သည် ၄၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြ တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)