Twilight Over Burma ရုပ်ရှင်ကို ထိုင်းနိုင်ငံမှာလည်း ပြသခွင့်ပိတ်ပင်

0
387

မြန်မာနိုင်ငံမှာ ပြသခွင့်ပိတ်ပင်ခံခဲ့ရတဲ့ Twilight Over Burma ရုပ်ရှင်ကို ထိုင်းနိုင်ငံမှာလည်း ပြသခွင့်ပိတ်ပင်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်တဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသဖို့ကြိုး စားခဲ့ပေမယ့် အခုလိုပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ဘာကြောင့်ပိတ်ပင်ခဲ့တယ်ဆိုတာတော့ ပွဲစီစဉ်သူတွေက တစ်စုံတရာ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဘဲ နှစ်နိုင်ငံကြား သဘောတူညီချက်တွေအရ အခုလိုပိတ်ပင်ခံ ရတာဖြစ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။

အဲဒီရုပ်ရှင်ကားကို မြန်မာနိုင်ငံမှာကျင်းပတဲ့ လူအခွင့်အရေးနဲ့ လူ့ ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်မှာ ပြသဖို့စီစဉ်ထားခဲ့ပေမယ့် ပွဲစဖို့၁၀မိနစ်အလိုမှာ အာဏာပိုင်တွေက တပ်မတော်ရဲ့ ပုံရိပ်ကို ကျဆင်းစေတယ်ဆိုပြီး ပြသခွင့်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)