ဆဲဗင်းဇူလိုင် အခမ်းအနား ရတနာပုံတက္ကသိုလ်မှာ တရားဝင်ကျင်းပခွင့်ရ

0
326

၅၄ နှစ်မြောက် ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်အခမ်းကို မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှာ ပထမဆုံး အနေနဲ့ ကျင်းပခွင့် တရားဝင် ရရှိခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို MCN သတင်းထောက် ဒေးနိုင်က သတင်းပေးပို့ထားပါတယ်။

13570297_1780862625481663_1645641897_o

အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ် အခမ်းအနားတွေကို အခုလို မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမမှာ ပထမဆုံးအနေနဲ့ ကျင်းပပြုလုပ်ခွင့် ရရှိလာတာပါ။ ဒီအခမ်းအနားကိုတော့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး စာရေးဆရာ မောင်မှိုင်းလွင် (အင်းဝ) နဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) တို့က ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ် ဟောပြောမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာပဲ ဒိုင်နမိုက်နဲ့ဖြိုချဖျက်စီးခံခဲ့ရတဲ့ ကျောင်းသားသဂ္ဂအဆာက်အဦးကိုလဲ ပြန်လည် ဆောက်လုပ်ခွင့်ပြု ကျောင်းသားတွေက လိုလားနေကြတာပါ။

လွန်ခဲ့တဲ့ ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့က ဗိုလ်ချုပ်နေ၀င်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ရန်ကုန်တက္ကသိုလ်ဝင်း အတွင်း သေနက်နဲ့ ပစ်ခတ်သတ်ဖြတ်တာ ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းမှာ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်စီးခဲ့ရာကနေ ဆဲဗင်းဂျူလိုင် လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာလည်း စစ်အစိုးရတွေက ကျောင်းသားတွေ ဦးဆောင်တဲ့ ဆဲဗင်းဂျူလိုင် လှုပ်ရှားမှုတွေ ပိတ်ပင် တားမြစ်တာခံခဲ့ပြီး NLD အစိုးရလက်ထက်မှာ အခု တက္ကသိုလ်ကျောင်းတွေအတွင်း တရားဝင်ကျင်းပခွင့် ရရှိလာတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)