စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ပြည်လည်တည်ဆောက်ထားတဲ့ လေးကေ့ကော်မြို့သစ်မှာ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိသေး

0
435

စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ပြည်လည်တည်ဆောက်ထားတဲ့ ကရင်ပြည်နယ် မြ၀တီခရိုင်ရှိ လေးကေ့ကော်မြို့သစ်မှာ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေမရှိသေးစစ်ဘေးသင့်ဒုက္ခသည်လေးထောင်ကျော်နဲ့ ပြန်လည်တည်ဆောက်ထားတဲ့ လေးကေ့ကော်မြို့သစ်တည်ဆောက်ရေးဟာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။

13621356_475369969333976_1874067697_o

လေးကေ့ကော်မြို့အုပ်ချုပ်ရေးမှူးအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာဖို့ ကြိုးပမ်းနေပေမယ့်လည်း လျှပ်စစ်မီးရရှိရေးလိုအပ်ချက်၊ လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်တွေကြောင့် အမျိုးသားတွေထက် အမျိုးသမီးတွေ အခုချိန်မှာ အလုပ်အကိုင်တွေပိုမိုရှားပါးနေဆဲဖြစ်နေပါတယ်။

“အမျိုးသမီးအလုပ်ကတော့ ဘာမှအစီအစဉ်မရှိသေးဘူး။ယောင်္ကျားပဲလုပ်နေတယ်။အမျိုးသမီးအလုပ်တော့ နောက်ပိုင်းမှာ အစီအစဉ်တွေဆွဲပေးမှာပေါ့။ခုက အိမ်ကလည်း ဆောက်လို့မပြီးသေးဘူး။ဘာမှတော့ မျှော်လင့်စရာမရှိပါဘူး။ခုတော့ ဒီအတိုင်းပဲ လုပ်ကိုင်စားရမှာပဲ။ ခြံကို ရတာကိုကဲ ၀မ်းကိုသာနေတာ”လို့ ဒုက္ခသည်ဒေါ်မြင့် ကပြောပါတယ်။
မြို့နေပြည်သူတွေအနေနဲ့ မြ၀တီတစ်ဖက်ကမ်းထိုင်းနယ်စပ်ဘက်တွေမှာ အလုပ်လုပ်နေကြသူတွေရှိသလို မြို့တွင်းလုပ်ငန်းတွေဖြစ်တဲ့ ဘိလပ်မြေထမ်း၊ အုတ်သယ် စတဲ့ ကြုံရာဂျပန်းအလုပ်တွေကို လက်၇ှိမှာလုပ်ကိုင်နေကြတာပါ။

စစ်ဘေးရှောင်ဒေသပေါင်း ၂၀ကျော်နဲ့ ပြည်လည်တည်ဆောက်ထားတဲ့ လေးကေ့ကော်မြို့သစ်မှာ အလုပ်အကိုင်အခွင့်တွေရရှိနိုင်ဖို့အတွက် အစိုးရနဲ့ ကရင်အမျိုးသားအစည်း အရုံးအနေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကလည်း အခုချိန်ထိ လိုအပ်နေဆဲဖြစ်ပါတယ်။

လက်ရှိအခြေအနေကတော့ အစိုးရတာဝန်ရှိသူတွေနဲ့ KNU နဲ့ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ကျွန်တော်လုပ်ဖို့အတွက် အဓိကအခက်အခဲကတော့ လမ်းပိုင်းဆိုင်ရာတွေအားနည်းချက်ရှိမယ် ၊နောက် လျှပ်စစ်ကိစ္စပေါ့ ။ အခုလက်ရှိ ကျွန်တော်တို့ အလုပ်အကိုင်တွေပေးနိုင်တဲ့ အလုပ်ရုံတွေဆိုတာကလည်း လျှပ်စစ်မီးကလည်း အဆင်ပြေမှဖြစ်မှာပါ ။အဲ့ဒါက ကျွန်တော်တို့အတွက် အခက်အခဲဖြစ်နေပါတယ် လို့ လေးကေ့ကော်မြို့သစ်အုပ်ချုပ်ရေးမှူး ဦးဌေးမြင့်အောင်က ဆိုပါတယ်။
လေးကေ့ကော်မြို့သစ်ဟာ တည်ဆောက်နေဆဲကာလတစ်ခုဖြစ်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပေးနိုင်ဖို့ စီစဉ်ခြင်း၊တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် စီစဉ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး ၊ ဆက်ဆံရေးရုံးက ဗိုလ်မှူး စောရှီးရှိုက ပြောပါတယ်။

“တစ်ချို့အမျိုးသမီးတွေကတော့ ရွေ့ပြောင်းနေထိုင်ကြတဲ့သူတွေလည်းရှိတဲ့အတွက် မြ၀တီဘက်ကိုသွားပြီး ကရင်စားသောက်ဆိုင်တွေဖွင့်ကြတာတွေရှိတယ်။ကျွန်တော်တို့အနေနဲ့ကတော့ ဒီမှာပဲနေပြီး အလုပ်အကိုင်အခွင့်အလမ်းတွေရအောင် အသက်မွေးကြောင်းလုပ်ငန်းတွေ၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးတာတွေကို အကောင်အထည်ဖော်ဖို့တော့ ရှိပါတယ်”လို့ ၄င်းက ပြောပါတယ်။
ကရင်ပြည်နယ် လူမှုရေးရာသုတေသနအဖွဲ့ အုပ်ချုပ်မှုဒါရိုက်တာ နန်းမြသီတာက “အလုပ်အကိုင်အခွင့်အလမ်းတွေကတော့ ငြိမ်းချမ်းတဲ့နေရာတွေရော မငြိမ်းချမ်းတဲ့နေရာတွေမှာပါ လိုနေတယ်။ သမားရိုးကျလုပ်ငန်းတွေထက် ဒေသရဲ့ ထွက်နှုန်းကိုကြည့်ပြီး ကျွန်မတို့ Research (သုတေသန ပြလုပ်မှု)တွေလုပ်ရမယ်။ ဒါမှ ပြန်တည်ဆောက်တဲ့မြို့သစ်ကပြည်သူတွေအတွက် အလုပ်အကိုင်ကောင်းတွေရရှိပြီးတော့ ပြည်ပကို ရွှေ့ပြောင်းမှာ မဟုတ်တော့ဘူး” လို့ ပြောပါတယ်။

နှစ်ပေါင်းခြောက်ဆယ်ကြာဖြစ်ပွားခဲ့တဲ့ပြည်တွင်းစစ်တွေကြားမှာ ကရင်ပြည်နယ်က စစ်ဘေးကြောင့်နေရပ်စွန့်ခွာသူ ဒုက္ခသည်တွေဟာမြ၀တီတစ်ဖက်ကမ်းထိုင်းနယ်စပ်ဘက်တွေမှာ ရွေ့ပြောင်းခုံလှုံခဲ့ကြရပါတယ်။

၂၀၁၀ ခုနှစ်ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)အပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်း ၈ဖွဲ့နဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ နတလ(နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးကောင်စီ)ရဲ့ ထောက်ပံ့မှုနဲ့အတူ စစ်ကြောင့်နေရပ်စွန့်ခွာထွက်ပြေးခဲ့သူတွေ နေရပ်ပြန်လာနိုင်ရေးအတွက် လေးကေ့ကော်မြို့သစ်ကို​ ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကိုးမိုင်အကွာ တပ်မဟာ (၆)နယ်မြေမှာ တည်ဆောက်ခဲ့ပြီး လက်၇ှိမြို့သစ်မှာ တန်ဖိုးနည်းအိမ်ယာ ၂၁၃လုံး၊ ရေလှောင်ကန် ၂လုံး၊ အစိုးရပညာရေးတစ်ထပ်ကျောင်းနဲ့ အခုဆိုရင် နီပွန်ဖောင်ဒေးရှင်းရဲ့ထောက်ပံ့မှုနဲ့ တန်ဖိုးနည်းအိမ်ရာ အလုံး ၂၀၀ ကို ထပ်မံတည်ဆောက်နေပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)