မသန်စွမ်း အိုလံပစ်အပြေးချန်ပီယံ အော်စကာကို လူသတ်မှုနဲ့ ထောင်ဒဏ် ၆ နှစ်ချမှတ်

0
333

မသန်စွမ်း အိုလံပစ်အပြေးချန်ပီယံ တစ်ဦးဖြစ်တဲ့ Oscar Pistorious အမှုကို တောင်အာဖရိက တရားရုံးက ဇူလိုင်လ ၆ ရက်နေ့က ထာင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။

လူသတ်မှု ဖြစ်ပွားစဉ်က သူဟာ ခြေတု တပ်ဆင်မထားတာ နောင်တရကြောင်းဝန်ခံခဲ့တာတွေကြောင့် ကျခံရမဲ့ ထောင်ဒဏ် ၁၅ နှစ်အစား ၆ နှစ်ချမှတ်လိုက်တာပါ။
အသက် ၂၉ နှစ်အရွယ် ရွှေတံဆိပ်ဆု ၆ ကြိမ်တိုင်တိုင်ရရှိထားပြီး ဓါးသွားအပြေးသမားလို့ လူသိများတဲ့ ပစ္စတိုးရီရတ်စ်ဟာ သူ့ရဲ့ ချစ်သူ Reeva Steenkamp ကို သတ်ခဲ့မှုနဲ့ ၂၀၁၃ ခုနှစ်က တရားရင်ဆိုင်ခဲ့ရတာပါ။

၂၀၁၄ ခုနှစ်မှာတော့ တရားရုံးက လူသေမှုနဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပြီး တနှစ် အကျဉ်းကျခဲ့ကာ အာမခံနဲ့ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလက ပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အစိုးရရှေ့နေတွေက အဲဒီ စီရင်ချက်ကို ဘ၀င်မကျလို့ တရားရုံးမှာ အယူခံ ၀င်ခဲ့ပြီး လူသတ်မှုနဲ့ ပြန်လည်စစ်ဆေးခဲ့တာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)