မင်္ဂလာဒုံမြို့နယ် အတွင်းမှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာတွေမှာ ကျူးကျော်နေထိုင်သူတွေ ပိုမိုတိုးပွားလာနေ

0
319

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်းမှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနပိုင် ပျဉ်းမပင် စက်မူဇုန်မြေနေရာတွေမှာ ကျူးကျော်နေထိုင်သူတွေ ပိုမိုတိုးပွားလာနေပါတယ်။

minkalardon.Still001

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျူးကျော်နေထိုင်သူတွေကို နေစရာစီစဉ်ပေးမယ်လို့ပြောဆိုထားပြီး မေလ ၂၅ ရက်နေ့ နောက်ပိုင်း ထပ်မံကျူးကျော်နေထိုင်သူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။  ၀န်ကြီးချုပ်က အဲဒီလို ပြောကြားပြီး နောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူတွေ ထပ်မံများပြားလာနေတာပါ။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်အတွင်းက ပျည်းမပင် စက်မူဇုန်မြေနေရာတွေမှာ ကျူးကျော်နေထိုင်သူတွေ ပိုမိုတိုးပွားလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

 

အဲဒီစက်မူဇုန်မြေနေရာတွေဟာ ကာကွယ်ရေးဦးစီးဌာနပိုင်မြေနေရာဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလက အဲ့ဒီမြေနေရာတွေမှာနေထိုင်သူတွေကို အစိုးရက ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။ အဲဒီလို ဖယ်ရှားခဲ့စဉ်က ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီဌာန ဗိုလ်မှူးကြီး တင်အောင်ထွန်းက မြေနေရာပြန်လည်ချထားပေးမယ်လို့ ပြောဆိုထားတကြောင့် မင်္ဂလာဒုံဒုက္ခသည်ယာယီစခန်းမှာ ရွှေ့ပြောင်းနေထိုင်နေကြတာပါ။

 

မင်္ဂလာဒုံ မြို့နယ်ထဲက ပျည်းမပင် စက်မူဇုန်မြေနေရာတွေမှာ ထပ်မံ ကျူးကျော် တာကိုသိရှိပေမယ့် အဲ့ ဒီမြေနေရာတွေဟာ ကာကွယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲရမှာ ဖြစ်တဲ့အတွက် အကြောင်းကြားထားတယ်လို့ မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြောပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)