၂၀၁၆ ကမ္ဘာ့ သြဇာအရှိဆုံး အမျိုးသမီး ၁၀၀ မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်

0
333

အမေရိကန်စီးပွားရေး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ ၂၀၁၆ ကမ္ဘာ့ သြဇာအရှိဆုံး အမျိုးသမီး ၁၀၀ ရဲ့ စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က နံပါတ်၂၆ နေရာမှာ ပါဝင်နေပါတယ်။

Min-Aung-Hlaing-Aung-San-Suu-Kyi-on-27-March-2013.-940x580

အဲဒီ စာရင်းရဲ့ နံပါတ် ၁ နေရာမှာတော့ ဂျာမန် အဓိပတိ Agela Merkel က ၆ နှစ်ဆက်တိုက် သတ်မှတ်ခံခဲ့ရပါတယ်။

ကမ္ဘာ့သြဇာအရှိဆုံး အမျုးသမီးတွေရဲ့စာရင်းထဲမှာ နိုင်ငံရေး စီးပွားရေး ခေါင်းဆောင် စွန့်ဦးတီထွင်သူ ရင်းနှီးမြုပ်နှံသူ သိပ္ပံပညာရှင် ပရဟိတပြုလုပ်သူ နည်းပညာ နယ်ပယ်နဲ့ မီဒီယာ နယ်ပယ် အသီးသီးက သြဇာအရှိဆုံး အမျိုးသမီးတွေ ပါဝင်တာပါ။

အဲဒီစာရင်းရဲ့ နံပါတ် ၂ နေရာမှာတော့ အမေရိကန်သမ္မတလောင်းအဖြစ် ၀င်ရောင်ရွေးချယ်ခံနေတဲ့ Hillary Clinton ရှိနေပြီး တောင်ကိုးရီးယား သမ္မတ Park Guen-hye က နံပါတ် ၁၂ အမေရိကန်သမ္မတ ကတော် Michelle Obama က နံပါတ် ၁၃ ထိုင်ဝမ်သမ္မတ Tsai Ing-wen ကနံပါတ် ၁၇ အသီးသီး ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)