တက္ကသိုလ်ဝင် အောင်စာရင်းထွက်မယ့် မသေချာသေးဘူးလို့ အခြေခံပညာဦးစီးဌာနက ပြောဆို

0
381

ဇွန်လ ၁ ရက်နေ့ကတည်းက Facebook လူမှုကွန်ရက်စာမျက်နှာတွေမှာ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းထွက်မယ့် ရက်တွေ ထွက်ပေါ်နေတာဟာ ကောလာဟလ သတင်းတွေသာဖြစ်တယ်လို့ ရန်ကုန်တိုင်း အခြေခံပညာဦးစီးဌာနက ပြောပါတယ်။

6.7.17

ဒါ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းနဲ့ ပတ်သက်ပြီး ဒီကနေ့ ဇွန်လ ၇ ရက်နေ့အထိ ရန်ကုန်တိုင်းအခြေခံပညာဦးစီဌာနကို ညွှန်ကြားချက်တစ်စုံတရာ ရောက်လာခြင်းမရှိသေးဘူးလို့ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက MCN သတင်းဌာနနဲ့ ဆက်သွယ်မေးမြန်ရာမှာ အဲဒီလို ပြောကြားခဲ့တာပါ။

အဲဒီလို အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေမှာ အောင်စာရင်း ထွက်မယ့်ရက်တွေ ထွက်ပေါ်နေတာကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေက အောင်စာရင်းထွက်မယ့် ရက်အတိအကျကို သက်ဆိုင်ရာ ဌာနတွေက ထုတ်ပြန်ပေးဖို့ မျှော်လင့်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)