ကလေးတွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုနဲ့ ဗြိတိန်နိုင်ငံသားကို ထောင်ဒဏ် တစ်သက် ချမှတ်

0
277

မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကလေးတွေကို ပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တဲ့ အသက် ၃၀ အရွယ် ဗြိတိန်နိုင်ငံသား Richard Huckle ကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ မေလ ၆ ရက်နေ့က လန်ဒန် Old Bailey တရားရုံးက ထောင်ဒဏ် တစ်သက်ချမှတ်လိုက်တာပါ။

_89890439_huckle

၂၀၀၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ဆင်းရဲချို့တဲ့တဲ့ အသက် ၆ လကနေ ၁၂ နှစ်အရွယ် ကလေးတွေကို လိင်ပိုင်းဆိုင်ရာပြုကျင့်ပုံတွေ ဗီဒီယိုတွေကို ရိုက်ယူခဲ့ပါတယ်။

သူ့ကိုဖမ်းမိတုန်းက သူတစ်ယောက်တည်းသီးသန့်သုံးတဲ့ ဒစ်ဂျစ်တယ်ဖိုင်တစ်ခုမှာ သီးသန့်သိမ်းထားတဲ့ ကလေးတွေနဲ့ ရိုက်ထားတဲ့ ပုံ ၂ သောင်းကျော်တွေ့ခဲ့တယ် အဲဒီပုံတွေကို မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကလေးတွေ အများကြီးကို သူအဓမ္မပြုကျင့်ချိန် လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်ချိန်မှာ ရိုက်ကူးထားခဲ့တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦးကပြောပါတယ်။

Huckle ဟာ စာမျက်နှာ ၆၀ လောက်ရှိတဲ့ အညွှန်းစာအုပ်ကြီးတစ်ခုကို ထုတ်ထားတာတွေ့ရပြီး တကယ်လို့ သူ့ကို မဖမ်းမိခဲ့ဘူးဆိုရင် အဲဒီစာအုပ်ကို အွန်လိုင်းကလူတွေကို ချပြဖို့အစီစဉ်ရှိခဲ့တာပါ။

အဲဒီအွန်လိုင်းကနေ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုရှိသူတွေကို နိုင်ငံခြားတိုင်းပြည်တွေမှာ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုတဲ့အတွက် အဖမ်းမခံရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်း ပြောပြဖို့ အစီအစဉ်ရှိခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကလေး ၂၃ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၉၁ မှု ပြုလုပ်ခဲ့တယ်ဆိုပြီး တရားရုံးက စွဲချက်တင်ခဲ့ပြီး Huckle က ကလေး ၂၂ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၇၁ မှု ပြုလုပ်ခဲ့တယ်လို့ ၀န်ခံခဲ့တာပါ။

သူ့ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ခရစ္စမတ်အားလပ်ရက်အတွက်အိမ်ကို ပြန်လာစဉ် လန်ဒန်Gatwick လေဆိပ်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)